Googleမှာ မြန်မာဘာသာစကားနဲ့ ပေါ်တာကို အင်္ဂလိပ်ဘာသာစကား ပြောင်းနည်း။


ကျွန်‌တော်တို့ တစ်ခါတစ်လေ Googleနဲ့ ဆိုင်တဲ့အရာတွေဖြစ်တဲ့ Gmail, Google.com, Blogger,တွေကို သုံးတဲ့အခါမှာ မြန်မာဘာသာစကားနဲ့ ပြပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် ပြသာနာက သူတို့ဖော်ပြတဲ့ မြန်မာစာတစ်ချို့က အဓိပ္ပာယ်မမှန်တာတွေဖြစ်လို့ သုံးရတာ အဆင်မပြေတာမျိုး ဖြစ်ပါတယ်။ (တစ်ချို့က အင်္ဂလိပ်စာနဲ့ မြင်ဖူးနေကြမို့လို့ မြန်မာစာအဆင်မပြေတာမျိုး ဖြစ်ကြတယ်) အဲ့ဒီလို ပြသာနာတွေ ကြုံရလို့ Googleနဲ့ ဆိုင်တဲ့ အရာ အားလုံးကို တစ်ချက်တည်းနဲ့ မြန်မာဘာသာစကားကနေ အင်္ဂလိပ်ဘာသာစကားကို ပြောင်းချင်တဲ့သူတွေအတွက် ပြောင်းနည်းကို အောက်မှာ ပုံနဲ့ အဆင့်လိုက် ရှင်းပြလိုက်ပါတယ်။

အဆင့်(၁) Google.com ထဲကို သွားပါ။

အဆင့်(2) အနီရောင်နဲ့ ပြထားတဲ့ အကွက်ကို နှိပ်ပါ။ 
အဆင့်(3) အကောင့် ကို နှိပ်ပါ။
အဆင့်(4) ဒေတာနှင့် စိတ်ကြိုက်သတ်မှတ်ခြင်း ကို နှိပ်ပါ။
အဆင့်(5) ဝဘ်အတွက် ယေဘုယျ ရွေးချယ်မှုများ အပိုင်းက ဘာသာစကား ကို နှိပ်ပါ။
အဆင့်(6) ဘာသာစကား ပြောင်းဖို့ အနီကွက်နဲ့ ပြထားတဲ့ ခံတံကို နှိပ်ပါ။
အဆင့်(7) English ကို ရွေးပေးပါ။
အဆင့်(8) နှိင်ငံ ရွေးဖို့ United States ကို ထားပြီး
အဆင့်(9) အားလုံး အတည်ပြုရန်အတွက် ရွေးရန် ကို နှိပ်ပါ။
အဆင့်(10) ဒါဆိုရင် Googleရဲ့ DEFAULT LANGUAGE မှာ English ကို ပြောင်းလို့ရပါပြီ။

Post a Comment

မှတ်ချက် တစ်ခုခုပေးနိုင်ပါတယ်။

Previous Post Next Post