ကျနော့်ရဲ့ Personal အတွက် လုပ်ဖြစ်ခဲ့တဲ့ ကိုယ်ပိုင် Website (BoyKhai.com) 😊


(BoyKhai.com) Domain လိပ်စာကို ဟိုးအရင်နှစ်(၂၀၁၇)ကတည်းက ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဝယ်ယူသုံးစွဲလို့ မရတော့ အဆင်မပြေခဲ့ဘူး။😟 ဒီနှစ် (၂၀၂၀)ကြမှ ဒီ BoyKhai.com လိပ်စာကို ဝယ်ယူနိုင်ခဲ့ပါတော့တယ်။ အဲ့ဒီအတွက် အရမ်းပျော်ခဲ့ရပါတယ်။☺️

ကျနော်က သတင်း/စီးပွားရေး/Mobile App/Company အတွက် Website‌တွေ မျိုးစုံလုပ်ဖြစ်ခဲ့ပေမယ့် အခု လုပ်ဖြစ်တဲ့ BoyKhai.com Websiteလောက် ခေါင်းမစားခဲ့ဖူးဘူး။😅 ဒီWebsiteကို လပေါင်းများစွာကြာ‌အောင် အချိန်ပေး လုပ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Domain ကို ကျနော့်နာမည်နဲ့ BoyKhai.com ဆိုပြီး လုပ်ထားတဲ့အတွက်ကြောင့်ပါ။😊 ကျနော့်နာမည်နဲ့ ရတဲ့ Domainဆို‌တော့ တန်ဖိုးထားတာပေါ့။😍😍

‌BoyKhai.com Website မှာ ကျနော် ရေးသားထားတဲ့ ဆောင်းပါး(Blog)တွေ/ကိုယ်တိုင်ရိုက်ကူး၊ Edit ခဲ့တဲ့ ‌ဗီဒီယိုနှင့်ဓာတ်ပုံတွေ/ကိုယ်ရေးကိုယ်တာတွေ တင်ဖို့ ရည်ရွယ်ပြီး လုပ်ထားတာ ဖြစ်ပါတယ်။😊alert-success
(BoyKhai.com ဝဘ်ဆိုဒ်နဲ့ ပတ်သက်တဲ့အချက်အလက်များ)

(၁) Personal Blogနဲ့တူ‌အောင် ဝဘ်ဆိုဒ်ရဲ့ ပင်မစာမျက်နှာမှာ ကျနော့်ကိုယ်ရေးကိုယ်တာအချက်အလက်နှင့်ဓာတ်ပုံကို တွေ့လို့ရအောင် လုပ်ထားပါတယ်။
ပြီးမှ ဝဘ်ဆိုဒ်ထဲမှာ တင်ထားတဲ့ ဓာတ်ပုံ၊ဗီဒီယို၊ဆောင်းပါးတွေကို အမျိုးအစားလိုက် ဖော်ပြထားပါတယ်။


(၂) BoyKhai.com ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ကြိုက်တဲ့ ဓာတ်ပုံ/ဗီဒီယိုတွေကို ဘယ်သူမဆို တိုက်ရိုက် ဒေါင်းလုတ်လို့ရအောင် လုပ်ထားပါတယ်။


(၃) BoyKhai.com ဝဘ်ဆိုဒ်ကို အရမ်းမြန်အောင်လုပ်ထားပါတယ်။😉 စာမျက်နှာတစ်ခုနဲ့တစ်ခု ကြည့်တဲ့အချိန်မှာ Loading ဖြစ်တာ ကြာပြီး နှေးတာမျိုးမဖြစ်ပါဘူး။😊
(၄) မြန်မာဖောင့်အနေနဲ့ Padauk(Unicode)ဖောင့်အသုံးပြုထဲပြီး ဖုန်း/ကွန်ပြူတာထဲမှာ မြန်မာဖောင့်မရှိရင်ရင်လည်း မြန်မာစာမြင်လို့ရအောင် Embed လုပ်ထားပါတယ်။😍


(၅) ဝဘ်ဆိုဒ်ကို ဖုန်း/Tablet/Computer ဘယ် Deviceမဆို ကြည့်လို့ရအောင် လုပ်ထားပါတယ်။


(၆) BoyKhai.com ဟာ လုံခြုံစိတ်ချတဲ့ Websiteဖြစ်အောင် Httpsကို အသုံးပြုထားပါတယ်။


(၇) ဝင်ကြည့်တဲ့သူ‌တွေက မှတ်ချက်(Comment)ချင်ရင် ပေးလို့ရအောင် Facebook Comment ကို ချိတ်ဆက်အသုံးပြုထားပါတယ်။(ပိုကောင်းမယ်ထင်လို့ပါ)😎

(၈)ဝဘ်ဆိုဒ်ထဲမှာ ဝင်ကြည့်တဲ့သူအားလုံး မျက်စီမရှုပ်အောင် စီးပွားရေးကြော်ငြာတစ်ခုမှ မထားပါဘူး။🤑

ထူးခြားချက်အနေနဲ့ ဒီ BoyKhai.com ဝဘ်ဆိုဒ်ဟာ ပိုက်ဆံ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။🙂 ဘယ်လိုလုပ်လဲဆိုတော့ ဝဘ်ဆိုဒ်ထဲက ဖိုင်တွေ/ပုံ/Data အချက်အလက်တွေ သိမ်းဖို့ Vps/တခြားHostတွေဝယ်မသုံးပဲ Freeရတဲ့ Google Cloud (Blogger)မှာပဲ အသုံးပြုထားတဲ့အတွက်ကြောင့်ပါ။ အဲ့ဒါကြောင့် တစ်နှစ်မှာ Domainဖိုးပဲ 10$(မြန်မာငွေ-၁သောင်းကျော်)ပဲ ကုန်အောင်လုပ်ထားပါတယ်။😎 မဟုတ်ရင် Personal Blogက လတိုင်း ပိုက်ဆံ သောင်း/သိန်းနဲ့ချီ ကုန်တာမျိုးဖြစ်ရင်တော့ စုထားတဲ့ ပိုက်ဆံတွေကုန်မှာပဲလေး😂။ စီးပွားရေးအတွက် လုပ်တာမှမဟုတ်တာ။😁😁alert-info


BoyKhai.com ဝဘ်ဆိုဒ်ရဲ့ အခ️ြေအနေ အောက်က Comment မှာ  ပြောပေးကြပါနော်။
(နောက်ဆုံးပြောချက်တာကComputer ကြည့်တာ ကြာလို့ မကြာခင် မျက်မှန်တပ်ရတော့မယ် ထင်တယ်။😎😂)alert-error

Post a Comment

မှတ်ချက် တစ်ခုခုပေးနိုင်ပါတယ်။

Previous Post Next Post