အွန်လိုင်းသင်တန်းတွေ တက်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

အပြင် သင်တန််းတွေထက် အွန်လိုင်းသင်တန်းရဲ့ အားသာချက်တစ်ခုကတော့ အိမ်ကနေပဲ လေ့လာနိုင်တဲ့စနစ်ဖြစ်လို့ အချိန်ကုန် လူပင်ပန်းသက်သာစွာနဲ့ အားတဲ့အချိန်တွေမှာလေ့လာနိုင်တာဖြစ်တာ။
တကယ်လို့ သင်က အွန်လိုင်းသင်တန်းတက်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်လဲဆိုတာ အကြံပြုချက်လေးတစ်ချို့ကိုပြောပြပေးချင်ပါတယ်။
ပထမအချက်က စာလုပ်မယ့်အချိန်ကို သတ်မှတ်ထားဖို့ လိုပါတယ်။
စာလုပ်မယ့်အချိန် ပုံမှန်သတ်မှတ်ထားတာမျိုးမရှိရင် တကယ် ပျင်းစရာ ကောင်းတဲ့ အခြေအနေရောက်သွားမှာ ဖြစ်ပါတယ်။ စာလုပ်ဖို့နေ့ရွေ့ညရွေ့ပြုလုပ်မိ့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စာလုပ်မယ့်အချိန်ကို သတ်မှတ်ထားဖို့ လိုပါတယ်။
ဒုတိယအချက်က စာလုပ်ဖို့ ကောင်းမွန်တဲ့နေရာတစ်ခုရှာပါ။ တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး အလင်းရောင်ကောင်းကောင်းရတဲ့နေရာ ၊ စိတ်အနှောက်အယှက်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ဝေးတဲ့နေရာတွေမှာ စာလုပ်ရင် စာကို ပိုပြီးအာရုံရစေပါတယ်။ သင်ခန်းစာ Video တွေကို ဒီတိုင်း ထိုင်ကြည့်တာထက်စာရင် သင်ခန်းစာနဲ့ ပတ်သတ်ပြီး မှတ်စုတွေ လုပ်ဖို့ စာအုပ်နှင့်ဘောပင်(ဒါမှမဟုတ်) သင့်ဖုန်း/Computerထဲက မှတ်စုဆော့ဝဲလ်တွေ နှင့် လိုအပ်တဲ့ပစ္စည်းတွေအားလုံးကို စာလေ့လာမယ့်နေရာမှာ ကြိုတင်ပြင်ဆင်၊ထားရှိဖို့ လိုအပ်ပါမယ်။

Post a Comment

မှတ်ချက် တစ်ခုခုပေးနိုင်ပါတယ်။

Previous Post Next Post